Events
မြန်မာ့ရော်ဘာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Updated At: 2024-03-15 15:39:13

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း” အစီအစဉ်အရ “မြန်မာ့ရော်ဘာရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက် နေ့ နံနက် ၉:၀၀ နာရီအချိန်၌ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် ရော်ဘာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိ သူများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေး သံမှူး Mr. Ouyang Daobing တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်ကို နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊ ဦးအောင်မြင့်ထူးကလည်းကောင်း၊ မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှုဖော်ဆောင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာယုစိန်က နိုင်ငံတကာရော်ဘာစျေးကွက်သို့ စံသတ်မှတ်ချက်များဖြင့် ချဉ်းကပ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်က မြန်မာ့သဘာဝ ရော်ဘာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေးဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာလူမှုစီးပွားအဖွဲ့ (CESD) က ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် Cess Fund အတွေ့အကြုံများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲ နေ့လည်ပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာတွင် မြန်မာလူမှုစီးပွားအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာဇော်ဦးက ဦးဆောင်သူအဖြစ် ဆောင်ရွက်ပြီး အနာဂတ်ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်ကို ညနေ ၄:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025